Samsung Galaxy Note 2 ထက်သာသော ဖုန်း Huawei မှထုတ်မည်

Samsung Galaxy Note 2 ထက် သာသော ဖုန်းမျိုးကို Huawei မှ ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရပါတယ်။ ယင်းကြေညာချက်ကို တရုတ် Huawei ဒုတိယ ဥက္ကဌ Yu Chengdong မှ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့ တာ ဖြစ်ပါ တယ်။

Huawei Ascend Mate လို့အမည်ပေးထားပြီး အဓိက ထူးခြားသွားမှု ကတော့ ၆.၁ လက်မ Full HD မျက်နှာပြင်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပြင်ရဲ့  Resolution က HD TV လိုပဲ 1080p အဆင့် ရှိ မှာ ဖြစ်ပါတယ်။ Note 2 ထက်လည်း ပိုမိုပါးလွှာမယ့်ဖုန်းလို့ ဆိုပါတယ်။ အသုံးပြုမယ့် Processor ကလည်း 1.8GHz quad-core ဖြစ်ပြီး RAM 2 GB သုံး အဆင့်မြင့် ဟန်းဆက် ဖြစ်ပါတယ်။

၅ လက်မအရွယ်ရှိ Display သုံး Ascend D2 အမည်ရ Huawei ဟန်းဆက် ကိုလည်း ဈေး ကွက်ဖြန့်ချိပြီး ဖြစ်ပါတယ်။ ယင်း ဖုန်းဟာလည်း Note တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။ Android 4.1 Jelly Bean ကို အသုံးပြုပြီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Huawei ဖုန်းမှာ အဓိက လူပြောများတဲ့ အားနည်း ချက်ကတော့ touch interface, ကင်မရာ တို့ ဖြစ်ပြီး ဒါတွေအားလုံး ကို နိုင်ငံတကာ အဆင့် မှီ ဖြစ်အောင် ပြန်လည် Upgrade လုပ်ထားတယ်လို့ ဆိုပါတယ်။ တကယ်ပဲ Huawei Ascend Mate ဟာ Samsung Galaxy Note 2 အပြင် အခြားသော အဆင့်မြင့် ဟန်းဆက်များထက် ဈေးကလည်း အနည်း ငယ် သက်သာမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ပထမလေး လေးလအတွင်း ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref:tech2
Aung Kham (TSJ team)

4:27 PM | Posted in | Read More »

Huawei U-8836 ဟန်းဆက်တစ်မျိုး ဈေးကွက်အတွင်း ဝင်ရောက်လာ

နေပြည်တော် ဈေးကွက်အတွင်း တရုတ်နိုင်ငံလုပ် Huawei အမှတ်တံဆိပ် ဟန်းဆက်များ အရောင်း သွက်လျက် ရှိရာ Touch Screen အမျိုးအစား ဟန်းဆက်ဖြစ်သော  U-8836 မော်ဒယ်သစ် ဟန်းဆက် တစ်မျိုး ဝင်ရောက်လာပါ တယ်။ Display ကို ၄.၃ လက်မ  qHD ကို အသုံးပြုထားပြီး Dual Sim စနစ် 3G အမျိုးအစား ဖုန်းဖြစ်တဲ့ အတွက် GSM ရော WCDMA ပါ တစ်ခါတည်း ထည့်သုံးလို့ ရပါတယ်။ Network ပိုင်းက GSM 850/ 900/1800/1900 MHz နဲ့ WCDMA 900/2100 MHz တွေကို အသုံးပြုနိုင် ပါတယ်။

Android Version 4.0 OS ကို အသုံးပြု ထားပြီး CPU ကတော့ 1GHz ဖြစ်ပါတယ်။ Ram Memory ကတော့ 1GB ရှိပါတယ်။ Rom Memory ပိုင်းအနေနဲ့ 4GB ပါဝင်ပြီး 32GB အထိ တိုးမြှင့် အသုံးပြုနိုင် မယ်လို့ သိရ ပါတယ်။ ဟန်းဆက် ဝယ်ယူတဲ့အခါ 4GB ပမာဏရှိတဲ့ Memory ကတ်တစ်ခုကို လက်ဆောင်အဖြစ် ထည့်သွင်း ပေးသွားမယ်လို့ သိရပါတယ်။ Double Flash (LED ) ပါတဲ့ 2.0 Megapixel ရှိတဲ့ နောက်ကင်မရာ ပါဝင် ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအတွက် BT3.0, HS BT 4.0, Wifi 802.11 a/b/g/n  စတဲ့ စနစ်တွေ ပါဝင် ပါတယ်။ 1930 AMP ရှိတဲ့ ဘက်ထရီကို အသုံးပြုထားတာကြောင့် အားအပြည့် သွင်းထားရင် နာရီပေါင်း ၂၀၀ ကနေ ၃၀၀ အထိ Stand by အသုံးပြုနိုင်ပြီး ဆက်တိုက် စကားပြောမယ် ဆိုရင်တော့ ၃ နာရီကနေ ၅ နာရီ အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ ဟန်းဆက်ကို နေပြည်တော် ပျဉ်းမနား၊ ပေါင်းလောင်းရပ်ရှိ Dr.G Mobile ဖုန်း-၀၉၅၃၅၁၅၁၃ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

11:08 AM | Posted in | Read More »

Developer Conference Yangon 2012 - Day 2 and Day 3

Developer Conference Yangon 2012 ဒုတိယနေ့ ကျင်းပနေပုံများ - Techspace Journal

ဆရာဦးသိန်းဦး မှ Keynote Speech ပြောကြားနေစဉ်

ဦးအောင်စိုးမိုးမှ အဖွင့်အမှာစကားပြောကြားနေစဥ

Developer Conference Yangon 2012 - Day 2 တွင် တက်ရောက်လာသူများအား Techspace နည်းပညာ ဂျာနယ် မှ ကံစမ်းမဲနှင့် ဂျာနယ်များ အခမဲ့ ပေးဝေနေပုံ


ဦးအိမောင် မှ The 5 Hardest Parts Of Programming အကြောင်း ရှင်းလင်းပြောကြားနေပုံ

Developer Conference Yangon 2012 - Day 2 သို့ စိတ်ပါဝင်စားစွာ တက်ရောက်လာကြသော Developer များ

Developer Conference Yangon 2012 - Day 2 သို့ စိတ်ပါဝင်စားစွာ တက်ရောက်လာကြသော Developer များ

ဦးသာထက် မှ Ruby On Rail အကြောင်း ရှင်းလင်းပြောကြားနေစဉ်

Developer Conference Yangon 2012 - Day 3

ကိုအောင်စည်သူကျော်မှ (SaaS- Software as a Service) Enterpreneur အကြောင်း ရှင်းလင်းပြောကြားနေစဉ်
ကိုအောင်စည်သူကျော်မှ (SaaS- Software as a Service) Enterpreneur အကြောင်း ရှင်းလင်းပြောကြားနေစဉ်
ကိုအောင်ကျော်မျိုး မှ Team Foundation Sever 2010's Version Control with Daily Scrum အကြောင်း ရှင်းလင်းပြောကြားနေစဉ်

1:59 PM | Posted in | Read More »

သင်ဘယ်ဖုန်းကိုင်မှာလဲ (IPhone 5, Galaxy S3 , Lumia 920 )

သင်ဘယ်ဖုန်းကိုင်မှာလဲ (IPhone 5, Galaxy S3 , Lumia 920 )


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ iPhone 5 က တရားဝင်ထွက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် iPhone အသစ်ကိုအရမ်းမျှော်လင့်ခဲ့ကြတဲ့ iPhone Users တွေအနေနဲ့ iPhone 5 တကယ်ထွက် ရှိလာတဲ့အခါ ဖုန်းက အရင် iPhone 4S ကနေသိသိသာသာကွဲထွက်မသွားဘဲ Screen အရွယ်အစား အနည်းငယ်ကြီးပြီး Hardware ပိုင်းနဲ့ iOS features တစ်ချို့မြှင့်တင်ထားရုံသာဖြစ်တာကြောင့် အနည်းငယ်စိတ်ကသိကအောက်ဖြစ်သွားကြရတာတော့အမှန်ပါပဲ။ ဒါ့အပြင် သူ့ထက်အရင်ထွက်တဲ့ Samsung Galaxy S3 မှာ နောက်ဆုံးထွက် wireless communication system ဖြစ်တဲ့ NFC features ကိုပါဝင်ပေမယ့် iPhone 5 မှာတော့ Bluetooth 4.0 သာပါရှိပြီး NFC စနစ်မပါရှိပါဘူး။ ဒီအတောအတွင်းမှာ Nokia ကလည်း Window 8 Mobile OS ကိုအသုံးပြုထားတဲ့ Nokia Lumia 920 ဖုန်းအသစ်ကိုထပ်မံမိတ်ဆက်ခဲ့ပါတယ်။ Nokia Lumia 920 ဖုန်းဟာလည်း resolution , hardware , OS ကစပြီး အစစအရာရာကောင်းမွန်အောင်လုပ်ပေးထားတာတွေ့ရပါတယ်။ Nokia Lumia 920 ကိုလူ စိတ်ဝင်စားစေတဲ့အဓိကအချက်ကတော့ ဖုန်းအားသွင်းတဲ့အခါ ကြိုးမဲ့အားသွင်းလို့ရတဲ့ Wireless Charging စနစ်ပါဝင်လာလို့ပါပဲ။ အခုလောလောဆယ် ဒီဖုန်းသုံးမျိုးက မိုဘိုင်းအသုံးပြု သူတွေ ကို ရွေးချယ်စရာအနေနဲ့ထွက်ရှိနေပါပြီ။ သင့်အနေနဲ့ဘယ်ဖုန်းကိုင်မလဲဆိုတာ အောက်မှာ ဖုန်းသုံး မျိုးကို နှိုင်းယှဉ်ထားတဲ့ Specification တွေကိုလေ့လာပြီးတော့လည်း ရွေးချယ်နိုင်ပါတယ်။

iPhone 5Samsung Galaxy S IIINokia Lumia 920
Pricing$199, $299, $399 (16, 32 and 64GB options)Varies by regionTBA
Known Dimensions4.87 x 2.31 x 0.3 inches (123.8 x 58.6 x 7.6mm)5.39 x 2.80 x 0.34 inches (137 x 71 x 8.6mm)5.12 x 2.79 x 0.42 inches (130.3 x 70.8 x 10.7mm)
Weight3.95 oz. (112g)4.70 oz. (133g)6.53 oz. (185g)
Screen size4.0 inches4.8 inches4.5 inches
Screen resolution1,136 x 640 pixels (326ppi)1,280 x 720 pixels (306ppi)1,280 x 768 pixels (331ppi)
Screen typeIPS Retina DisplaySuper AMOLED HDPureMotion HD+ IPS LCD
BatterySize unspecified; up to 8 hours talk time (LTE), 10 hours (WiFi). Non-removable2,100mAh (user removable)2,000mAh (non-removable)
Internal storage16 / 32 / 64GB16 / 32 / 64GB32GB
External storageNoneMicroSDXCNone
Rear camera8MP, LED flash, f/2.48MP, AF, LED flash, f/2.68.7MP, AF, LED flash, f/2.0
Front-facing cam1.2MP; 720p video capture2MP1.3MP
Video capture1080p1080p1080p
NFCNoYesYes
RadiosGSM / EDGE / GPRS: 850 / 900 / 1800 / 1900CDMA: 800 / 1900
UMTS / HSPA+ / DC-HSPA+ : 850 / 900 / 1900 / 2100
LTE: Bands 1 / 2 / 3 / 4 / 5 / 13 / 17 / 25 (not all models carry all bands)
GSM 850 / 900 / 1800 / 1900; HSDPA 850 / 900 / 1900 / 2100; LTE (in some variants)GSM 850 / 900 / 1800 / 1900; HSDPA 850 / 900 / 1900 / 2100; LTE 800 / 1800 / 2600 / 900 / 2100
Bluetoothv4.0v4.0v3.1
SoCApple A6Exynos 4412Qualcomm Snapdragon S4 MSM 8960
CPUUnspecified; “2x faster than iPhone 4S”1.4GHz, quad-core1.5GHz, dual-core
GPUUnspecifiedMali-400MPAdreno 225
RAMUnspecified1GB; 2GB in some variants1GB
MHLNoYes (special adapter required)Yes/No
WiFi802.11 a/b/g/n, dual-band802.11 a/b/g/n, dual band802.11 a/b/g/n
Operating systemiOS 6Android 4.0.4 (TouchWiz UI), upgradeable to 4.1Windows Phone 8

Source: Pandaapp

1:19 PM | Posted in | Read More »

Developer Conference Yangon 2012 - Day 1 (ဖွင့်ပွဲနဲ့ မြင်ကွင်းပုံများ)

Developer Conference Yangon 2012 - Day 1 (ဖွင့်ပွဲနဲ့ မြင်ကွင်းပုံများ)


 Developer Conference Yangon 2012 - တက်ရောက်လာသူများ Register ပြုလုပ်နေပုံ

ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင် မှ Key Note အကြောင်း ရှင်းလင်းပြောကြားနေပုံ

 ဦးသောင်းတင် မှ Key Note အကြောင်း ရှင်းလင်းပြောကြားနေပုံ

 

Developer Conference Yangon 2012 - MCPA အလုပ်အမှုဆောင်များ

 Media Sponsor အဖြစ်ပါဝင်ကူညီသော techspace နည်းပညာဂျာနယ် ( Merketing Manager ဒေါ်မေဇော်ခိုင်) အား ဂုဏ်ပြုလက်မှတ်ပေးနေစဉ်

 Developer Conference Yangon 2012 - တက်ရောက်လာသူများအား အကျွေးအမွေးများဖြင့် တည်ခင်း ဧည့်ခံနေပုံ
ဦးမိုးဟိန်းကျော် မှ Motivation,Productivity and The Coder's Journey အကြောင်းရှင်းလင်းပြောကြားနေပုံ


1:32 PM | Posted in | Read More »

iPhone 5 ထွက်တော့မည်

 Apple ကုမ္ပဏီက ထုတ်မယ့် iPhone အသစ် အမျိုးအစား iPhone 5 ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ စပြီး ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။ iPhone 5 ကို 4G လို့ အများက သိကြတဲ့ စတုတ္ထ မျိုးဆက် 4th Generation လက်ကိုင်ဖုန်း ကွန်ယက်နဲ့ ပဲ အသုံးပြုသွားရလိမ့်မယ်လို့ ခန့် မှန်းနေ ကြပါတယ်။

4G ကွန်ယက်ကို SAMSUNG ကုမ္ပဏီက ထုတ်လုပ်တဲ့ Galaxy S III အပြင် တခြားသော လက်ကိုင်ဖုန်း အမျိုးအစားတွေမှာလည်း လက်ရှိ အသုံးပြုနေကြပါတယ်။

iPhone 5 အသစ်ဟာ အရွယ်အစားပိုပြီး ကြီးမယ်လို့ ခန့်မှန်းနေကြသလို လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်းမှာ စ ထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။


Apple ကုမ္ပဏီရဲ့ iPhone ဈေးကွက်ဟာ ဆမ်ဆောင်းကုမ္ပဏီက ထုတ်တဲ့ Phone လောက် မရောင်းရပေမယ့် သူ့ဈေးကွက်ဟာ အခုထိ ခိုင်ခို်င်မာမာ ရှိနေပါတယ်။


6:16 PM | Posted in | Read More »

ဒုတိယအကြိမ်မြောက် Developer ကွန်ဖရင့်အတွက် စာရင်းပေးသွင်းနိုင်

မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင် အသင်း(MCPA) မှ ကြီးမှုး၍ ကျင်းပမည့် Developer Conference 2012-Yangon ပွဲ ကို စက်တင်ဘာလ 14 ရက်နေ့မှ စက်တင်ဘာလ 16 ရက်နေ့အထိ နေ့စဉ် နံနက် 9 နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ မြန်မာအင်ဖိုတက်ဝန်းအတွင်း ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Developer Conference 2012-Yangon မှာ ယခုတစ်ကြိမ်မှာ ဒုတိယမြောက် အကြိမ်ဖြစ်ပြီး ပွဲတွင် ပြည်တွင်းရှိ လုပ်ငန်းနယ်ပယ်မှ အဓိက ပညာရှင်များမှ ၀င်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
Developer Conference 2012-Yangon ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအဖြစ် ပြည်တွင်းရှိ ကွန်ပျုတာ ပညာရှင်များအတွင်း အိုင်တီအသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ၊ အသိပညာများ ဖလှယ်ဂရန် ၊ အိုင်တီအသုံးချ Software ကောင်းများ တီထွင်ဖန်တီးရေးသားနိုင်သည့် Developer များ ပေါ်ထွက်လာစေရန် နှင့် အိုင်စီတီ developer ဖြစ်လိုသူများအတွက် နည်းလမ်းကောင်းများ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် Developer Conference 2012 -Yangon ပွဲ အတွက် အဓိက Theme မှာ "Road to e2 Developer" ဖြစ်ပြီး အဓိက အားဖြင့် Efficiency, Essential, Limitless Without boundry, Everything, e-gov, e-banking, e-hotel, e-solution အပြင် အခြား အကြောင်းအရာများအား လက်ရှိ ပြည် တွင်း ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ပညာရှင်များမှ ဟောပြောဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်အထိ ဟောပြောမည်သူများအဖြစ် အဖွင့်မိန်ခွန်းပြောကြမည့် ဦးသောင်းတင် နှင့် တတိယနေ့တွင် အပိတ်မိန်ခွန်း ပြောကြမည့် ဒေါက်တာ ထွန်းသူရသက် အပါအ၀င် ပြည်တွင်းပြည်ပ နည်းပညာရှင် 19 ယောက် ရှိကြောင်း သိရသည်။

အဆိုပါ Developer Conference 2012 -Yangon ပွဲကို လက်ရှိပြည်တွင်း ၊ ပြည်ပ နည်းပညာ နယ်ပယ် တွင် လုပ်ငန်းဝင်ရောက်လုပ်ကိုင်နေသူများ မှ ဆွေးနွေးဟောပြောကြမှာ ဖြစ်သည့်အတွက် တက်ရောက် သူများအတွက် အကျိုးထူုးများ ရရှိနိုင်သလို ပွဲကို တက်ရောက်သူများအနေဖြင့်လည်း အိုင်တီနည်း ပညာကို အဓီကထားကာ ပညာရှာဖွေလိုသူများသာ တက်ရောက်သင့်သော ပွဲတစ်ပွဲ လည်း ဖြစ်သည်။

Developer Conference 2012 -Yangon ပွဲကို အဓီက ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူအဖြစ် MIT မှာ ကူညီပေးပြီး အခြား စပွန်ဆာ ကုမ္ပဏီများဖြစ်သော CB Bank, Global Wave တို့က Diamond Sponpsor များအဖြစ် တာဝန်ယူထားကြောင်း သိရသည်။ ထိုအပြင် အဆိုပါ Developer Conference 2012 -Yangon ပွဲကို ရုပ်သံမီဒီယာ တစ်ခုဖြစ်သော 5 Network မှာလည်း broadcasting partner အဖြစ် တာဝန်ယူထားပြီး press Media partner များအဖြစ် အင်တာနက် ဂျာနယ်နှင့် TechSpace နည်းပညာ ဂျာနယ်တို့မှ တာဝန်ယူပေးထားကြောင်း သိရသည်။ ထိုအပြင် အခြား စပွန်ဆာများဖြစ်သော Myanmar ICT Development Corporation Limited, MCC, ACE, Information matrix, Yumyum, Ahtar Oo, Fairway, Gusto, Technomation,Mozilla Myanmar နှင့် TAB Bookcentre တို့မှလည်း တာဝန်ယူပေး ထားကြောင်း သိရသည်။

Developer Conference 2012 -Yangon ပွဲကို ယခင်နှစ်က ၂ ရက်အဖြစ်သာ ကျင်းပခဲ့သောလည်း ယခုနှစ်တွင် ၃ ရက်အဖြစ် ပြောင်းလဲကာ တစ်ရက် ထပ်တိုးကာ ကျပ်ပသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်တွင် ကျင်းပခဲ့သော Developer Conference 20110Yangon ပွဲကို သြဂုတ်လ 20 ၊ 21 ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဟောပြောခဲ့သည့် ခေါင်းစဉ်ပေါင်း 45 ခု ရှိကာ ဟောပြောသူပေါင်း 38 ယောက် အထိ ရှိခဲ့ကြောင်း သိရသည်။ ထိုအပြင် ယမန်နှစ်ပွဲတွင် တက်ရောက်သူပေါင်း ၉၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

စာရင်းသွင်းတက်ရောက်လိုသူများအနေဖြင့် www.devconmyanmar.org/2012 တွင် ၀င်ရောက်ကာ စာရင်းသွင်းတက်ရောက်နိုင်ကြောင်း သိရသည်။

5:57 PM | Posted in | Read More »

Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ

Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ

ဒီသတင်းကို GSMArena မှ ဖော်ပြခဲ့တာဖြစ်ပါ တယ်။ သတင်းကတော့ Samsung Galaxy S ကင်မရာ ထုတ်လုပ်ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Rumor အဆင့်ပဲ ရှိသေးသာဆိုတယ်။ ပါဝင်တဲ့ Specification ကိုတောင် အတိအကျ ဖော်ပြထား ကြပါတယ်။ Android 4.0 ခေါ်တဲ့ Ice Cream Sandwich ကိုအသုံးပြုပြီး 16 Megapixel အထိ sensor အားကောင်း တယ်လို့ ဆိုပါတယ်။ စာရင်း အရဆိုရင် -

OS : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ

Optical Zoom        : ၁၀ဆ
Thickness (အထူ)  : 16 mm (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)
Resolution            : 16 megapixels

Feature : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)

Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ် ထား ပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံး ကင်မရာ ဖြစ်လာပါအုံးမယ်။ နည်းပညာပြပွဲကြီး IFA 2012 မှာ ဝင်ရောက်မိတ်ဆက်ပြသမယ်လို့လည်း GSM Arena မှ ဖော်ပြထားပါတယ်။ 


Ref: GSMArena

12:04 PM | Posted in | Read More »

ဒုတိယမြောက် ဝက်ဘ်ပေါ်တယ်လွှင့်တင်

ဒုတိယမြောက် ဝက်ဘ်ပေါ်တယ်လွှင့်တင်

မြန်မာနိုင်ငံ၏ ဒုတိယမြောက်ဝက်ဘ်ပေါ်တယ် တစ်ခုဖြစ်သည့် www.myawady.net.mm အမည် ရှိ ဝက်ဘ်ပေါ်တယ်ကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် လွှင့်တင်လိုက်သည်။ မြန်မာနိုင်ငံ၏ ပထမဦး ဆုံးသော ဝက်ဘ်ပေါ်တယ်ကို လွန်ခဲ့သော (၂)နှစ် ခန့်က ရတနာပုံတယ်လီပို့မှ ရတနာပုံ ဝက်ဘ်ပေါ် တယ် အဖြစ် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန် အထိ အောင်မြင်မှုမရှိသေးကြောင်း အသုံးပြုသူ များက ပြောသည်။ အသစ်လွှင့်တင်သည့် ဝက်ဘ်ပေါ်တယ်၌ ကဏ္ဍမျိုးစုံထည့်သွင်းထား သည် ဟု သိရသည်။

11:35 AM | Posted in | Read More »

မာစတာကတ် အသုံးပြုမှု မြန်မာနိုင်ငံတွင် ပထမဆုံးမြင် တွေ့ရတော့မည်

အမေရိကန်အခြေစိုက် ငွေပေးချေရေးကတ်  ကုမ္ပဏီ မာစတာ ကတ်ကော် ပိုရေးရှင်း သည်  မြန်မာနိုင်ငံ အတွင်း၎င်း၏ကတ်များ အသုံးပြု နိုင်ရေးအတွက် မြန်မာနိုင်ငံမှ သမ၀ါယ မဘဏ် (Co-Operative Bank) CB ဘဏ် နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ရ ခဲ့ကြောင်း သိရသည်။

CB ဘဏ်သည် မြန်မာနိုင်ငံ တွင်း၌ အလို အလျောက်ငွေ ထုတ်စက် ATM များကို အကျယ် ပြန့်ဆုံး ထားရှိဆောင်ရွက်နေသော ဘဏ်ဖြစ် ပြီး ယခု သဘောတူညီချက် အရ မာစတာကတ် အမှတ် တံဆိပ် ငွေပေးချေရေး ကတ်များ ကိုလည်း ပြည်တွင်း၌ အသုံးပြုခွင့် ရရှိစေမည်ဖြစ်သည်။

မာစတာကတ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာန ဥက္ကဋ္ဌ ဗစ်ကီ ဗန်ဒရာက "သင့်မှာ ဘဏ်သုံးခု သို့မဟုတ် လေးခုလောက်ရှိလာတာနဲ့ အမျှ ရောင်းဝယ်ဖောက်ကား သူတွေအတွက်ရောရော၊ ကြော်ငြာလုပ်ငန်းတွေအတွက်ပါ ပညာပေးဖို့ ပိုထိရောက်အကျိုးရှိ လာမှာပါ။

ကျွန်တော်တို့ဟာ (မြန်မာဈေးကွက်အတွင်း ၀င်ရောက်ဖို့) မြန်နိုင်သမျှ မြန်အောင်ကြိုးစားနေပါတယ်။

တစ်နှစ်လောက်ဆိုရင်ကျွန်တော်တို့အနေနဲ့ပိုကောင်းတဲ့ပုံရိပ်ရလာမယ်လို့ မျှော်လင့်နေပါ တယ်"ဟုပြော သည်။

မာစတာကတ်များကို မကြာမီလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊ ယင်းကတ်လက်ခံသော အရောင်းဆိုင်များ၊ နေရာများတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

မာစတာကတ်ကုမ္ပဏီသည် ၎င်း၏ မာစတာကတ်များ အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများ ကို မြန် မာနိုင်ငံတွင် လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း အီလက်ထရွန် နစ်ငွေပေးချေ ရေးဈေး ကွက် ဖွံ့ဖြိုးလာပါမှ ပြည်တွင်း၌ အခြေချလုပ်ကိုင်သွားမည် ဖြစ်သည်။

ယင်းမတိုင်မီအထိမူ ဗီယက်နမ်မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ကန်သမ္မတ အိုဘားမားက ၁၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ကုမ္ပဏီများ အားမြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံခွင့်ပေးပြီးနောက် အမေရိကန် အကြွေးဝယ်ကတ် ကုမ္ပဏီ `ဗီဇာ´ က မြန်မာ့ဘဏ္ဍာရေး ၀န်ဆောင် မှုဈေးကွက်သို့ စတင်ဝင်ရောက်မည်ဟု သြဂုတ်လ ၁၉ ရက် တွင် ကြေညာခဲ့သည်။

Ref: Reuters/ Businessweek

5:17 PM | Posted in | Read More »

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်

Facebook ဆိုရှယ် နက်ဝပ်သုံးစွဲသူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကို သုံးစွဲရာတွင် အများသုံးဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာများတွင် သုံးစွဲခြင်းဖြင့် Hack ခံရမှု အန္တရာယ် ပိုမို နီးစပ်ကြောင်း သိရှိရသည်။

အများသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံးစွဲသူများ၏ Facebook အကောင့် များကို Hack ပြုလုပ် ရန်အတွက် ပိုမိုလွယ်ကူပြီး ထိုသို့ Hacking ပြုလုပ် ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိ ရသည်။

“အခုဆိုရင် Facebook အကောင့်ကိုHack လုပ် တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲ့ဒါက မိုဘိုင်းဖုန်း ထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။

Hack ခံရတဲ့သူရဲ့အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ် လို့ ရပါတယ်။

Password ကိုပါ ပြောင်း ပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမား ကတ်တွေလို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိထားပြီးသုံးဖို့လိုပါတယ်။

အဲဒီ နေရာတွေမှာ Facebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ် ကိုယူပြီး ကိုယ်နဲ့နက်ဝပ်တစ်ခုတည်းမှာ သုံး နေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။

အထူးသဖြင့် မိန်းကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီ Hacking Software က အလကား ရတဲ့ အပြင် သုံးရတာလွယ်ကူတော့ ကိုယ့်အ ကောင့်ကို Hack ပြီး၊ ကိုယ့်ဝေါလ် ပေါ်မှာ မဟုတ်မဟပ် ပုံတွေ တင် သွားနိုင်တာကြောင့် အဲဒီလိုနေရာ တွေမှာ Facebook သုံးရင် သတိ ထားကြဖို့ လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင် Mobile Developer တစ်ဦးကပြောသည်။

၎င်း Hacking ဆော့ဖ်ဝဲများ မှာAndroid ဖုန်းသုံးHacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင် ဧရိယာတစ်ခု (သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေ သူအား မိုဘိုင်းဖုန်း အသုံးပြုကာ Facebook Account အား Hacking ပြုလုပ်နိုင်သည့် ဆော့ဖ် ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ် နိုင် သည့် ဆော့ဖ်ဝဲများရှိသော် လည်း သာမာန် User များအနေ ဖြင့် Free wi-fi ဧရိယာများတွင် အသုံးပြုပါ က သတိရရန် လိုအပ် ကြောင်း၎င်းက ထပ်မံပြောပြခဲ့ သည်။


ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များ တွင် အင်တာနက်အသုံးပြုရာတွင် လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိ အောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့် Facebook Account များကို Sing In ပြုလုပ် သင့် ကြောင်း ကို လည်း ပြောပြခဲ့ သည်။

MOBILE GUIDE

10:26 AM | Posted in , | Read More »

ဟိုတယ်နှင့် ခရီးသွား ဘွဲ့ လွန် ဒီပလိုမာ

ဟိုတယ်နှင့် ခရီးသွား ဘွဲ့ လွန် ဒီပလိုမာ (Post Graduate Diploma in Tourism and Hospitality Management) ကို စင်ကာပူနိုင်ငံ Nanyang Institute of Management တွင် တက်ေ၇ာက်နိုင်ပြီ။

မြန်မာနိုင်ငံ တွင်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ တိုးတက်လာသည်နှင့် အမျှ ပြည်ပ နိုင်ငံ ရှိလုပ်ငန်း ရှင်များ သည်၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် မှီ ဟိုတယ်များ ကို ဆောက်လုပ်ရန် နှင့် ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများပိုမို တွင်ကျယ်လာနိုင် ဖွယ် ရှိ သည်ကိုလည်းတွေ့ ရသည်။ ထို့ အတူ ဟိုတယ်နှင့် ခရီးသွား နည်းပညာ နှင့် ၀န်ဆောင်မှု အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်သော သူများ အတွက်လည်း အလုပ်အကိုင်အခွင့် အရေးများ အလွန်ကောင်းမွန်လာမည် ကိုလည်း တွေ့ မြင်ရသည်။

စင်ကာပူနိုင်ငံသည် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းတွင် နိုင်ငံတကာမှ သွားရောက်လေ့လာကာ အတုယူ ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အရှေ့တောင်အာရှ တွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဖြင့် နိုင်ငံ၏ ၀င်ငွေအများဆုံး ရရှိနေသော နိုင်ငံလည်းဖြစ်သည်။

ထို့ ကြောင့်စင်ကာပူနိုင်ငံ သည် ဟိုတယ်နှင့်ခရီးသွား ဘာသာရပ်တွင် နိုင်ငံတကာ မှ ကျောင်းသူကျောင်း သား များ ထဲတွင် ရေပန်းစားလျှက်ရှိသည်။ ထိုထဲတွင် Nanyang Institute of Management မှပို့ ချသော Post Graduate Diploma in Tourism and Hospitality Management သည်လည်း အပါအ၀င်ဖြစ်သည်။

Post Graduate Diploma in Tourism and Hospitality Management သည် ဘွဲ့ လွန် ဒီပလိုမာ ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွား ၀န်ဆောင်မှု၊ စီမံခန့် ခွဲ မှု ပညာရပ်များသာ မက၊ မိမိကိုယ်တိုင် ခရီးသွား လုပ်ငန်း များ၊ ဟိုတယလုပ်ငန်းများ စတင်လုပ်ဆောင် ရာတွင် အသုံးပြု ရသည့် အဓိက ဆိုင်ရာဘာသာ ရပ်များကို လည်းသင်ကြားရမည်ဖြစ်သည်။

ခေတ်မှီ တိုးတက် သောနည်းပညာများ၊ နိုင်ငံတကာ အဆင့်မှီ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို လုပ်ငန်းခွင် အတွေ့ အကြုံ မြောက်များစွာ ရှိသော ဆရာ၊ဆရာမ များ ကိုယ်တိုင် သင်ကြား ပို့  ချပေး သည့်အပြင် စာတွေ့  ၆လ ပြီးပါက ၆လ လက်တွေ့  လုပ်ငန်းခွင်အတွေ့ အကြုံ များ ကို နိုင်ငံတကာ အဆင့်မှီ ဟိုတယ်များ၊ စားသောက်ဆိုင်များ နှင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများတွင် ၀င်ရောက် လုပ်ကိုင်ကာ လုပ်ငန်းအတွေ့ အကြုံ ရယူနိုင်မည် ဖြစ်သည်။

Nanyang Institute of Management တွင် တက်ရောက် သောကျောင်းသူကျောင်းသားများ သည် ဒီပလိုမာနှင့် ဘွဲ့ လွန်ဒီပလိုမာ တွင် ဟိုတယ်နှင့် ခရီးသွားအတွက် အရေးကြီးသည့် နည်းပညာ များ ဖြစ်သော Amadeus & Opera System software ၂ ခု ကို လုပ်ငန်းခွင် အတွေ့ အကြုံ များစွာ ရှိသော ဆရာ၊ ဆရာမ များက သင်ကြားမှု အထောက်အကူပြု ကိရိယာများ၊ နည်းပညာများ ဖြင့် သင်ကြားခြင်းကို ခံယူရမည်ဖြစ်သည်။

ထိုဘာသာရပ် ၂ခုကြောင့် NIM မှ ကျောင်းပြီးသော ကျောင်းသူ ကျောင်းသားများသည် လက်တွေ့  အလုပ်သင်ဆင်း သောအခါ ပိုမိုလွယ်ကူစွာ အလုပ်သင်ဆင်းခွင့် ရရှိခြင်း ဖြစ်သည်။

ကျောင်းမှ ဆရာ၊ ဆရာမ များ သည်ထိုဘာသာရပ် ၂ခုအား ကျွမ်းကျင် ပိုင်နိုင်ပြီး စေတနာ အပြည့် ဖြင့် ကျောင်းသူကျောင်းသားများအား စနစ်တကျသင်ကြား လမ်းပြပေးမှုကြောင့်ကျောင်းသူ   ကျောင်းသားများ မှာ အလုပ်သင် ဆင်းနေသော အချိန်တွင်ပင် ဟိုတယ်များ မှအားထား ရ သော ၀န်ထမ်းများ အဖြစ်ချီးကျူး ဂုဏ်ပြုခြင်း ခံရသည်။ ထိုအချက်သည် NIM ၏ ဟိုတယ်နှင့် ခရီးသွား စီမန်ခန့် ခွဲမှု သင်တန်းမှ အောင်မြင်ပြီးမြောက်သော ကျောင်းသားကျောင်းသူ များအတွက် အားသာချက်ဖြစ်သည်။

ဒါ့ပြင် NIM နှင့် ချိတ်ဆက်ထားသော Industrial Partners ပေါင်း မှာ ၁၆၂ ခု ရှိပြီး ထိုအထဲ တွင် စင်ကာပူနိုင်ငံ၏ ကြယ်၆ပွင့် ဟိုတယ်ကြီးများ၊ နာမည်ကြီး ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများ နှင့် စားသောက်ဆိုင်ကြီးများ ပါဝင်သည်။ ထို့ ကြောင့် ကျောင်းသူကျောင်းသား များအတွက် အလုပ်အကိုင် အခွင့်အရေး အလွန်ကောင်းမွန် ကြောင်းလည်း တွေ့ မြင်နိုင်သည်။

NIM ၏ ဟိုတယ်နှင့်ခရီးသွား စီမန်ခန့်  ခွဲ ရေး ဘွဲ့ လွန် ဒီပလိုမာ (Post Graduate Diploma in Tourism and Hospitality Management) သင်တန်းကိုတက်ရောက်လိုသူများ သည် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကို စိတ်ပါဝင်စား ပြီး၊အနည်းဆုံး ဘွဲ့ တစ်ခု ရရှိထားရမည် ဖြစ်သည်။ ဘွဲ့ မရရှိသေးသော်လည်း အချိန်ပြည့် ဒီပလိုမာ တစ်ခုခု နှင့် လုပ်ငန်းအတွေ့ အကြုံ ၁ နှစ်ရှိပါကလည်း လျှောက်ထားနိုင်ပါသည်။

တိုးတက်နေသော အရှိန်အဟုန် နှင့်အတူ အလုပ်အကိုင်အခွင့် အရေးများ တစ်ဆ ထက် တစ်ဆ ကောင်း မွန်လာသော ဟိုတယ်နှင့် ခရီးသွား ပညာရပ်သည် မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများ၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ဘက်သို့ ခြေလှမ်းသစ် စတင်လိုသော Professionals or graduates များ အတွက် လေ့လာဆည်းပူးသင့်သော ပညာရပ်တစ်ခုဖြစ်လာသည် ဟုလည်ုး တွေ မြင့် သုံးသပ်ရ ပါသည်။

NIM ၏ Post Graduate Diploma in Tourism and Hospitality Management အကြောင်းအသေးစိတ် စုံစမ်း လိုပါက -- tanny.linn@nanyang.edu.sg (0r) +65 66710106 သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။

(Tanny)

4:23 PM | Posted in | Read More »

အမေရိကန်ဒေါ်လာ ၉.၄ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်း

ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းကို အင်္ဂလန်နိုင်ငံ၊ လီပါဗူးမြို့က Stuard hughes အမည်ရ ကုမ္မဏီမှ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ဖော်ပြသခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းများကို ဇိမ်ခံပစ္စည်းအဖြစ် ပြောင်းလဲပေးနေတဲ့ ကုမ္မဏီတစ်ခု ဖြစ်သည့်အား လျော်စွာ ကမ္ဘာ့ဈေးအကြီး ပစ္စည်းများကို ဖန်တီးပေးခဲ့ပါတယ်။

ယင်းဖန်တီးမှုများမှ တစ်ခုကတော့ ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း ဖြစ်ပါတယ်။ Apple မှ ထုတ်တဲ့ iPhone 4S ကို စိန်၊ ရွှေ၊ ပလက်တီနမ် နဲ့အခြား ရှားပါး ကျောက်မျက်ရတနာများနဲ့ အလှဆင်ဖန်တီးလိုက်ခြင်း ဖြစ်ပါ တယ်။ ၁၀၀ ကာရပ်အဆင့် သန့်စင်ပြီးဖြစ်တဲ့ အပြစ်အနာအဆာမရှိ စိန်ပေါင်း အလုံး ၁၀၀ ပါဝင်ပါတယ်။ အနောက်ဘက် ကာဗာကို ၂၄ ကာရက် ရွှေ၊ Apple လိုဂို အမှတ်တံဆိပ်ကို စိန် ၅၃ လုံး၊ ၂၄ ကာရက်ရွှေ တို့နဲ့ ဖန်တီးထားပါတယ်။

Main Navigation ကို 8.6 ct အဆင့် စိန်နဲ့ ဖုံးအုပ်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရှားပါးစိန်ဖြစ်တဲ့ အပန်းရောင် အပြစ်ကင်း 7.4ct အဆင့် စိန်ကိုလည်း တပ်ဆင်ထားပါတယ်။ chest ကိုတော့ ဒိုင်နိုဆော အရိုးလို့ ခေါ်တဲ့ T-REX သတ္တုသုတ်လိမ်း ပလက်တီနမ်နဲ့ ပြုလုပ်ပါတယ်။ Opal, Pietersite, Charoite, Rutile Quartz, Star Sunstone စတဲ့ ဈေးကြီး ကျောက်မျက် ရတနာများလည်း ပါဝင်ပါသေးတယ်။

ကျောက်မျက်ရတနာပေါင်းများစွာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ယင်း ဖုန်းကို iPhone 4S Elite Gold လို့အမည် ပေးထားပါတယ်။ နှစ်လုံး သာထုတ်လုပ်ထားပြီး တစ်လုံးကို သြစတေးလျမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဝယ်ယူထားပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၉.၄ သန်း တန်ဖိုးရှိတဲ့ ယင်း iPhone 4S ဟာ ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်း ဖြစ်လာခဲ့ပါတယ်။

1:32 PM | Posted in | Read More »

ATM Card များကို MPU Card များဖြင့် လဲလှယ် ပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် MPU စနစ် မပြုလုပ်ခင်က ထုတ်ပေး ထားသော ATM Card များကို MPU Card များဖြင့် Myanmar Payment Union အဖွဲ့ဝင်ဘဏ်များမှ လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေသွင်းခြင်း၊ အွန်ုလိုင်းမှ ဈေးဝယ်ခြင်းများ ပြုလုပ်နိုင်သည့် MPU (... Myanmar Payment Union )၏ Debit Card များကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် အသုံးပြုနိုင် မည် ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခု၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။


အဆိုပါ ကတ်များကို ဘဏ် ၁၇ ဘဏ်မှ ပူးပေါင်း၍ တည်ထောင်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းကတ်ဖြင့် MPU အဖွဲ့ဝင် ဘဏ်များ၏ ATM များတွင် ငွေထုတ်ယူ နိုင်မည်ဖြစ်ကြောင်း MPU Card လက်ခံသည့် ဆိုင်များတွင်လည်း ဈေးဝယ်နိုင်မည် ဖြစ်ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြပါရှိသည်။

အဆိုပါ MPU Card များ ထုတ်ပေးပြီ ကိုးလအကြာတွင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် VISA Card စနစ်ကို အသုံးပြု၍ ရမည် ဖြစ်ကြောင်း သမဝါယမဘဏ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သို့သော်လည်း ကမ္ဘောဇဘဏ်က စမ်းသပ်ဆဲ ကာလဖြစ်သောကြောင့် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများ အားလုံးကို ပေးသုံးနိုင်ဦးမည် မဟုတ်ကြောင်း ကမ္ဘောဇ ဘဏ် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

နောက်ပိုင်းမှာ MPU Card ထဲကို အင်တာနက်ပေါ်ကနေ ဈေးဝယ်လို့ရတဲ့ စနစ်မျိုး ထည့်သွင်းပေးသွားဖို့ စီစဉ်နေပါတယ် ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်း အထိ အေတီအမ်ကတ်နှင့် Credit ကတ်များကို အသုံးပြုခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်းများ ပြိုလဲမှုကြောင့် ပြန်လည် ရုပ်သိမ်းခဲ့ပြီး ၁၁ နှစ် ဝန်းကျင် အကြာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Myanmar Payment Union Debit ကတ်စနစ် စတင်မည် ဖြစ်သည်။
 
The voice weekly  

1:56 PM | Posted in , | Read More »

အာဆီယံနိုင်ငံများ သို့ချိတ်ဆက်အသုံးပြုနိုင်ပြီ

ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများ သို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု


မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအား အာဆီယံနိုင်ငံ များတွင်သယ်ဆောင်အသုံးပြုနိုင်အတွက်
ဆောင်ရွက် လျှက်ရှိရာ လက်ရှိအချိန်တွင် ချိတ်ဆက် အသုံးပြုနိုင်ရန် အဆင့်သင့်အနေအထား သို့ရောက် ရှိနေ ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း က သိရှိရသည်။

လက်ရှိတွင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းများ ကိုမြန်မာ့နိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ဆောင် ရွက်လျှက်ရှိ ရာအသုံးပြုနိုင် ပြီဖြစ်ကြောင်း သိရှိရသည်။

'' ပြည်ပက ဖုန်းတွေကို ပြည်တွင်းမှာ သုံးလို့ရနေပြီ၊ ပြည်တွင်းက ဖုန်းတွေပြည်ပကို သယ်ဆောင် အသုံးပြုဖို့ က အသုံးပြုတဲ့ အခကြေးငွေကိစ္စရပ်မျိုးတွေကို ညှိနေသေးတယ်။ နည်းပညာအရ ချိတ်ဆက်မှုကလည်း အသင့်အနေအထားမှာ ရှိနေပါတယ်။ အမြန်ဆုံး သယ်ဆောင် အသုံးပြုနိုင် အောင်လုပ်ဆောင်သွားမှာပါ။'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှမိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင် အခြားနိုင်ငံအသစ်များကိုထပ်မံတိုးချဲ့ အသုံးပြုခွင့်ပေး သွား မည်ဟု ၄င်းက ထပ်မံပြောကြားသည်။

ထို့အပြင် ပြည်တွင်းမှ မိုဘိုင်းဖုန်းများကို အာဆီယံနိုင်ငံများ အပါအဝင်ပြည်ပ နိုင်ငံ အသီးသီးသို့ သယ်ဆောင်အသုံးပြုနိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆွေးနွေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် ယခုလ ၃ ရက်နေ့ နေပြည်တော်၌ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီး များနှင့်တွေ့ဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးမှုများအတွင်း မိုဘိုင်း ( Roming)ကွန်ရက် ကိစ္စရပ်အပြင် ဆက်သွယ်ရေးလုပ်ငန်း အတွက် နိုင်ငံ တကာအကြံပေး တင်ဒါလုပ်ငန်း ကိစ္စရပ်များလည်းပါဝင်ခဲ့ကြောင်းသိရသည်။ Roming ကွန်ရက် စတင် ဖွင့်လှစ်ခဲ့ချိန် ၌ဂျပန်အပါအဝင် အာဆီယံနိုင်ငံအချို့မှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့သယ်ဆောင် အသုံးပြု ခဲ့ကြသည်။

အဆိုပါ မိုဘိုင်း Roming ကွန်ရက်ကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင်နေပြည်တော်တွင် လက်ခံကျင်းပခဲ့သည့် အာဆီယံ ဆက် သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးမှ စတင်၍အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။

(မြစ်မခ)

1:52 PM | Posted in | Read More »

Outlook.com အီးမေးလ်ဝန်ဆောင်မှုသစ်ကို Microsoft စတင်မိတ်ဆက်

ရိုးရှင်းသော user interface နှင့်အတူ Facebook နှင့် Twitter လူမှုကွန် ရက်များ ပေါင်းစပ် ထည့်သွင်းပေး ထားသော ၀က်ဘ်အခြေခံ ကိုယ်ပိုင်အီးမေးလ် ၀န်ဆောင်မှုသစ် Outlook.com ကို Microsoft မှ မကြာသေး မီက စတင် မိတ် ဆက်လိုက်ကြောင်း သိရသည်။ အဆိုပါOutlook.com မေးလ် ၀န်ဆောင်မှုသစ်ကို အခမဲ့ အသုံးပြုနိုင် မည်ဖြစ်ပြီး

၎င်း၏ inbox ထဲရှိ message များကို လူသုံးအများဆုံး အခြား ၀က်ဘ်အခြေခံ အီးမေးလ် ၀န်ဆောင်မှု များထက် ၃၀ ရာ ခိုင်နှုန်း ပိုမိုမြင်တွေ့နိုင်မည်ဖြစ်ကြောင်း Microsoft မှပြော ကြားခဲ့ သည်။ ထို့ပြင် အဆိုပါ ၀န်ဆောင်မှုသစ်ကို Windows နှင့် Office စနစ်များတွင် ပေါင်းစပ်ထည့် သွင်းပေး ထားပြီး အသုံးပြုသူများအနေဖြင့် Facebook, Twitter, LinkedIn နှင့် အခြားအွန်လိုင်း လူမှု ကွန်ရက်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် မိတ်ဆွေအပေါင်း အသင်း များဖြင့် စကား စမြည်ပြောခြင်းနှင့် ဗီဒီယိုခေါ် ဆိုမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ Microsoft မှ၎င်း၏ Outlook.com အသုံးပြုသူများအတွက် SkyDrive တွင် 7GB အခမဲ့သိုလှောင်ပေးထားပြီး cloud တွင် ဖိုင်များ၊ ဓာတ်ပုံများနှင့် အခြား အချက် အလက်များကို သိမ်းဆည်းနိုင်စေရန် ရည်ရွယ်ထားကြောင်းသိရသည်။ Outlook.com ၀န်ဆောင်မှုတွင် အသုံးပြုသူများ၏ မေးလ်အကြောင်းအရာများနှင့် attachment များကို စစ်ဆေးကြည့်ရှုမည် မဟုတ်ကြောင်းနှင့် အသုံးပြုသူများ၏ အချက်အလက်များ ကိုလည်း ကြော်ငြာရှင်များ ထံ ရောင်းချ မည် မဟုတ်ကြောင်း၊ ထို့ကြောင့် အသုံးပြုသူများ၏ ကိုယ်ပိုင်စကားစမြည်ပြော ဆိုမှုများ တွင် ကြော်ငြာများ ကို တွေ့မြင်ရမည်မဟုတ်ကြောင်း Microsoft မှပြောကြားခဲ့သည်။ အဆိုပါ Outlook.com ၀န်ဆောင်မှု သစ်ကို လက်ရှိ Hotmail ၀က်ဘ်အခြေခံ အီးမေးလ်ဝန်ဆောင်မှုနေရာတွင် အစားထိုးအသုံးပြုနိုင်ရန် လည်း မျှော်လင့်နေကြောင်း သိရသည်။ Hotmail တွင်ဇွန်လအတွင်း အသုံးပြုသူဦးရေ ၃၂၄ သန်းကျော်ရှိပြီး Yahoo မေးလ်ဝန်ဆောင်မှုကို အသုံးပြုသူဦးရေ သန်း ၂၉၀ ခန့်ရှိကာ Google ၏ Gmail ၀န်ဆောင်မှုကို အသုံးပြုသူဦးရေသည် ၂၇ သန်းရှိကြောင်း comScore ၏စစ်တမ်းတွင် ဖော်ပြထားသည်။

10:45 AM | Posted in | Read More »

Google က ၀န်ထမ်း ၄,၀၀၀ အလုပ်ဖြုတ်မယ်

Google က ၀န်ထမ်း ၄,၀၀၀ အလုပ်ဖြုတ်ဖို့ ပြင်နေပြီ ဆိုပြီး နည်းပညာလောကမှာသတင်းကြီးနေပါတယ်။

ဒီဝန်ထမ်းတွေဟာ Motorola Mobility ၀န်ထမ်း
 တွေ ဖြစ် ပါ တယ်။Motorola မှာ လတ်တလော ရှိတဲ့ ၀န်ထမ်း အရေအတွက်က၂၀,၀၀၀ ၀န်းကျင်ပါ။ အလျှော့ခံရမယ့် ၀န်ထမ်းတွေထဲက သုံးပုံနှစ်ပုံက အမေရိကန်နိုင်ငံအပြင်ဘက်က ၀န်ထမ်းတွေပါ တဲ့။

အမေရိကန်အင်တာနက်ကုမ္ပဏီကြီး Google က ဗိုက်နာ အရှုံးပြနေတဲ့ Motorola ကို ၀ယ်ထားတာ ၃ လပဲ ရှိပါသေးတယ်။

ဒါဟာ Google က သူ့ထက် အသက်ကြီးတဲ့ နည်းပညာကုမ္ပဏီကို ၀ယ်လိုက်တာပါပဲ။

Google က တခြားနည်းပညာနည်းပညာကုမ္ပဏီတွေကို လိုက်ဝယ်ပြီး အိတ်ထဲထည့်နေတာ ကြာပါပြီ။ သူဝယ် ထားတဲ့ထဲက အင်တာနက်လောက်မှာ နာမည်အကြီးဆုံးက Youtube ဖြစ်ဖွယ် ရှိပါတယ်။

တချို့ နည်းပညာကုမ္ပဏီတွေကိုတော့ မဟာမိတ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

အခုလို ကမ္ဘာမှာ ခေတ်စားနေတဲ့ စမတ်ဖုန်း၊ ကွန်ပျူတာပြားနဲ့ တခြားပစ္စည်းတွေ ထုတ်တဲ့ Motorola ကို ၀ယ်ခဲ့တဲ့အကြောင်းရင်းကတော့ ပြိုင်ဘက်ပန်းသီးတို့ ဘာတို့ထက် သာအောင် ကြိုးပမ်းတဲ့ ခြေ လှမ်း ဖြစ် ပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာတဲ့ Google က နည်းပညာဈေးကွက်မှာ အသာစီးရဖို့ ဒေါ်လာ သန်းပေါင်းများစွာ သုံးနေတာပါပဲ။

ယှဉ်ပြိုင်မှုကြီးမားတဲ့ နည်းပညာလောကမှာ Google က အခိုင်အမာ ရပ်တည်ဖို့ ကြိုးစားတဲ့ ခြေလှမ်းတွေ မီဒီယာမှာ မကြာခဏ ပါခဲ့ပြီးပါပြီ။

ပြိုင်ဘက်များထက် သာဖို့ Google က ငွေကို သောက်သောက်လဲ သုံးတဲ့ သတင်း မကြာခဏ ဖတ်ခဲ့ရပေ မယ့် ချွေတာ စရိတ်ချုံ့တဲ့အနေနဲ့ ၀န်ထမ်းဦးရေ လျှော့ချတဲ့သတင်းကတော့ တခါတရံမှ သာ ပေါ်လာ တာ တွေ့ရပါတယ်။

သို့သော်လည်း အခုလို အလုပ်ပြုတ်မယ့် ၀န်ထမ်း အရေအတွက်က ၄,၀၀၀ ဆိုတာတော့ တော်တော်များတဲ့ ပမာဏ ဖြစ်နေပါတယ်။

(ဧရာဝတီ)

4:22 PM | Posted in | Read More »

ပြန်ကြားရေး ဝဘ်ဆိုဒ်တွင် ဟက်ကာတို့ ခြိမ်းခြောက်စာ ဝင်ရေးသွား

ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာအား အင်္ဂါနေ့နံနက်မှ စတင်၍ ဟက်ကာ များက ဝင်ရောက်တိုက်ခိုက်ကာ ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး ဝက်ဆိုဒ်မှာ နာရီအတော်ကြာ ဝင်ရောက်ကြည့်ရှုမရဘဲ ဖြစ်သွားခဲ့ရသည်။

မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင် တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ် လိုက်တယ်… မူဆလင်များကို ဆက်လက် သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာက ဗုဒ္ဓဘာသာ ဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်… သင်တို့နိုင်ငံ ငရဲတွင်း ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။

အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော www.planet.com.mm ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများရပ်ပါ” နှင့် “မူဆလင် ဘာသာဝင်များကို ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ အားလုံးကို ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်။

8:10 PM | Posted in | Read More »

နာဆာ စူးစမ်းရေးယာဉ် အင်္ဂါဂြိုလ်ပေါ် ဆင်းတော့မည်


အင်္ဂါဂြိုလ်ကို စူးစမ်း လေ့လာမယ့် Curiosity အာကာသယာဉ် ကို တနင်္လာနေ့ မနက်အစောပိုင်းမှာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ဖို့ NASA က စီစဉ်ထားပါတယ်။

အလေးချိန် တစ်တန်လောက်ပဲရှိတဲ့ Curiosity လို့ နံမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ဒီ အာကာသယာဉ် ဂြိုလ်ပေါ်မှာ သက်ရှိသတ္တ၀ါတွေ ရှိမရှိ အထောက်အထား ရှာနိုင်ဖို့ လေ့လာစူးစမ်းသွားမှာဖြစ်ပြီး အင်္ဂါဂြိုလ်ရဲ့ ပုံရိပ်တွေနဲ့ အင်္ဂါဂြိုလ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ဖြစ်ပါတယ်။

အဲဒီလို ရယူဖို့အတွက် ပထမအဆင့်အနေနဲ့ အင်္ဂါဂြိုလ်ဆီ ၈ လကြာ သွားရောက်ခဲ့တဲ့ Curiosity ယာဉ် အင်္ဂါဂြိုလ်ပေါ်မှာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့က အရေးကြီးတာပါ။

တနာရီကို မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်နှုန်းနဲ့ သွားနေတဲ့ ဒီအာကာသယာဉ် ဂြိုလ်မျက်နှာပြင်ပေါ်မှာ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရေးဟာ နာဆာရဲ့ အာကာသယာဉ်တွေ ဂြိုလ်ပေါ်ဆင်းသက်ခဲ့တဲ့ သမိုင်း ကြောင်းတလျှောက် စိန်ခေါ်မှုအရှိဆုံး လုပ်ရပ်တခုလို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Curiosity အာကာသာယာဉ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီ ဆိုရင်တော့ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ နေထိုင်ခွင့် ရနိုင်မနိုင် လမ်းစကို စတင် ရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)

3:09 PM | Posted in | Read More »

ဟိုတယ်သော့ကတ်များတွင် ဟက်ကာများမှ လုံခြုံရေးစနစ်ရှောင်လွှဲစေနိုင်သည့် အားနည်းချက်ရှိဟုဆို

ဟိုတယ်သော့ကတ်များတွင် ဟက်ကာများမှ လုံခြုံရေး စနစ်ရှောင်လွှဲစေနိုင် သည့် အားနည်းချက်ရှိဟုဆို ကမ္ဘာတစ်ဝန်းရှိ ဟိုတယ် အခန်းပေါင်း ၄ သန်းကျော်တွင် အသုံးပြုလျက်ရှိသည့် Onity ၏ ဟိုတယ် တံခါး သော့ကတ် များတွင် လုံခြုံရေးစနစ်ကိုရှောင်လွှဲစေနိုင်သည့် အားနည်းချက်များရှိကြောင်း Mozilla developer နှင့် လုံခြုံရေး သုတေသီဖြစ်သူ Cody Brocious ၏အဆိုအရ သိရသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ ၅၀ အောက် တန်ဖိုးရှိသည့် အရာများကို gadget တစ်ခုအဖြစ်တည်ဆောက်ကာ အဆိုပါ ဟိုတယ်တံခါးများ၏ လုံခြုံရေးစနစ်များကို ရှောင်လွှဲနိုင်ကြောင်း Brocious က ပြောကြားခဲ့သည်။

Brocious ၏ device သည် တံခါးသော့များကို ထိန်းချုပ်ရာတွင် သုံးလေ့ရှိသည့် portable programming device တစ်ခုဖြစ်ကြောင်း၊ အဆိုပါ device ကို တံခါးသော့၏ အောက်ဘက်ရှိ DC power port တစ်ခုတွင် တပ်ဆင်ကာ ပါဝါဖွင့်လိုက်ရုံဖြင့် ဟိုတယ် တံခါးသော့များကို ဖွင့်နိုင်ကြောင်း သိရသည်။

Arduino operating system ကို အခြေခံကာ ပြုလုပ်ထားသည့် အဆိုပါ device ကို ဟိုတယ်အခန်းတံခါး များကို ထိန်းချုပ်ထားသည့် master key များအသွင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ဟိုတယ်သော့ကတ်များရှိ အားနည်းချက်မှာ သော့၏ memory ကို မည်သည့် device နှင့်မဆို ဖတ်နိုင်ရန်အတွက် ခွင့်ပြုထားခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာ Brocious သည် အထက်ပါ ဟိုတယ်သော့ကတ် လုံခြုံရေးစနစ်ရှောင်လွှဲမှုကို Forbes သတင်း ဝက်ဘ်ဆိုက်နှင့်အတူ စမ်းသပ်ပြသခဲ့သည်။ သို့ရာတွင် စမ်းသပ်လုပ်ဆောင်မှုမှာ အပြည့် အဝအောင်မြင် ခဲ့ခြင်း မရှိဘဲ နယူးယောက်ခ်မြို့ရှိ ဟိုတယ်သုံးခု၏ တံခါးသုံးခုအနက် တစ်ခုကိုသာ စမ်းသပ်ပြသနိုင် ခဲ့ကြောင်း သိရသည်။

Ref: CNET/BBC

6:12 PM | Posted in | Read More »

.

Recently Commented

Recently Added

Popular Posts